Link များသေနေပါက CBox တွင် သို့မပာုတ် သက်ဆိုင်ရာပို့စ်များ အောက်တွင် comment ပေးထားခဲ့ပါ...

bbf0dfa3b6f6d83534a9b87569f9c3fe063f8ba11d642e4d8f

iOS 7 - 7.0.X အား Untethered Jailbreak ပြုလုပ်ခြင်း


iOS 7 jailbreak tool ကို evad3rs က မနေ့က release လုပ်ခဲ့ပါတယ်။ ကျွန်တော် jailbreak လုပ်နည်းမပြောခင်မှာ သင့်အနေနဲ့ iOS 7 ကို ခုလတ်တလော အခြေနေမှာ jailbreak လုပ်/မလုပ် သင့်ကို အချက် ၂ ချက်နဲ့ ပြောပြပါမယ်။
  •  တစ်ချို့ပာာ jailbreak လုပ်ပြီးနောက် reboot လုပ်တဲ့ခါ Apple Logo မှာ ရပ်နေတာမျိုးကြုံတွေ့ရပါတယ်။ အဲလိုဖြစ်ရင် သင့်ရဲ့ device ကို restore ပြန်လုပ်မှပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။ evad3rs team ကလည်း အဲ့ဒီ bug တွေကို fix လုပ်ဖို့ပြင်ဆင်နေပါတယ်။မကြာခင်မှာပဲ version အသစ်ထွက်လာဖို့ရှိပါတယ်။ အဲ့ဒီကြောင့် error နည်းနိုင်သမျှနည်းအောင် ခဏလောက်ထပ်စောင့်စေချင်ပါတယ်။
  • ဒုတိယအချက်နေနဲ့ ပြောရမယ်ဆိုရင်တော့ iOS 7 နဲ့ compitable ဖြစ်တဲ့ tweaks တွေ သိပ်မရှိသေးပါဘူး။iOS 7 နဲ့ compitable ဖြစ်တဲ့ tweak list ကို ဒီမှာ သွားကြည့်နိုင်ပါတယ်။ သင့်အနေနဲ့ တချို့ tweak တွေ (ဥပမာ- winterboard)ကို install လုပ်လို့ရပေမယ့် reboot ချခိုင်းပြီးနောက် Apple logo မှာ ရပ်နေတဲ့အဖြစ်မျိုးကြုံတွေ့နိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ ခုနေ jailbreak လုပ်/မလုပ် သင့်ကို ဆုံးဖြတ်နိုင်လောက် ပါပြီ။
ကျွန်တော်တို့ jailbreak လုပ်ဖို့တွက် လုပ်ငန်းစလိုက်ကြရအောင်။

လိုအပ်ချက် :

သတိပြုရန် :
  • သင့် device အား jailbreak မလုပ်ခင် iTunes ဖြင့် back up လုပ်ထားလိုက်ပါ။အမှားတစ်စုံတစ်ရာ ဖြစ်ရင် သင့် device အား မူလအခြေရောက်အောင် restore လုပ်ရန်တွက်ပါ။
လုပ်ဆောင်ချက် :




အဆင့် ၁ ။evasi0n tool ကို administrator အဖြစ် run လိုက်ပါ။ သင့်ရဲ့ JB လုပ်မယ့် device ကို usb နဲ့ချိတ်လိုက်ပါ။ အောက်ကပုံလိုမျိုး တွေ့ရမှာပါ။ကျွန်တော်ကတော့ iPad mini ကို လုပ်မှာပါ။


အဆင့် ၂ ။ Jailbreak ခလုတ်အား နှိပ်လိုက်ပါ။ ခဏလောက် ကြာပါက အောက်ကပုံလိုမြင်ရမှာပါ။


အဆင့် ၃ ။ သင့် device အား unlock လုပ်ပြီး evasi0n 7 icon အားနှိပ်လိုက်ပါ။ သူ့ပာာသူ ဆက်လုပ်ဆောင် သွားပါလိမ့်မယ်။


အဆင့် ၄။ ခဏလောက်ကြာရင် အောက်ကပုံလိုမျိုး သင့် device ကို unlock ထပ်လုပ်ခိုင်းပါလိမ့်မယ်။


အဆင့် ၅။ unlock လုပ်ပြီးနောက် သူ့ပာာသူ ဆက်လုပ်ဆောင်ပြီး Done ပေါ်လာရင် jailbreak လုပ်တာပြီးသွားပါပြီ။



 အဆင့် ၆။ သင့်ရဲ့ device ပာာ auto reboot တက်လာတဲ့ခါ အောက်ကပုံလိုမျိုးမြင်ရပါလိမ့်မယ်။ သူ့ပာာသူ ဆက်လုပ်ဆောင်သွားပါလိမ့်မယ်။


ပြီးရင် reboot တက်လာပါလိမ့်မယ်။ ကဲပြီးသွားပါပြီ သင့်ရဲ့ device မှာ Cydia icon လေးကို တွေ့ရပါလိမ့်မယ်။

CAPTCHA ဆိုတာဘာလဲ?







ကျွန်တော်တို့ အင်တာနက်မှာ နေ့စဉ်ကြုံတွေ့ရတာတစ်ခုကတော့ CAPTCHA လို့ခေါ်တဲ့ word verification method ပဲဖြစ်ပါတယ်။ အရှည်ကောက်ကတော့ Completely Automated Public Turing test to tell Computers and Humans Apart ဖြစ်ပါတယ်။ ပြောရရင်တော့ user ဟာ ကွန်ပျူတာမဟုတ်ဘဲ လူသားဖြစ်ကြောင်း စစ်ဆေးတဲ့ တစ်ခုတည်းသော challenge-response test ပါပဲ။ လွယ်လွယ်ကူကူ ဥပမာပေးရရင် ကျွန်တော်တို့ Gmail, Yahoo တို့လို email account တွေကို signup
လုပ်တဲ့အခါ ကွေးကွေးကောက်ကောက် တခါတလေ မှုန်ဝါးဝါးနဲ့ စာသားလေးတေ၊ ဂဏန်းတွေကို မှန်အောင် ရိုက်ထည့်ပေးရတဲ့ အရာပါပဲ။ ဒါကို အင်တာနက်အသုံးပြုကြတဲ့လူတိုင်း ကြုံဖူးပါလိမ့်မယ်။ ဒါပေမယ့် အချို့သောလူတွေကတော့ ဒါက ဘာလို့ရိုက်ပေးရတာလဲဆိုတာ မသိကြပါဘူး။ ကျွန်တော်လည်း အစက အဲလိုတွေမြင်ရင် တအားစိတ်လေတယ်။ တခါတလေ စာလုံးတွေက မသဲကွဲဘူးလေ။ ကွန်နက်ရှင်က မကောင်းတော့ ဆဲချင်စိတ်က ငယ်ထိပ်ထိတက်လာပါရော။ :D ဒီပို့စ်ဖတ်ပြီးသွားရင် ဒါက လိုအပ်လို့ လုပ်ရတာဆိုတာ သိသွားပြီး အရင်လိုဆဲချင်စိတ်လျောသွားမယ်လို့ မျော်လင့်ပါတယ်။ ဟီး
CAPTCHA ကိုသုံးရတဲ့ရည်ရွယ်ချက်။
CAPTCHA ကိုအဓိကသုံးတာက automated software (bots) တွေက လူတွေနေရာမှာ အစားဝင်ပြီး Cooment ရေးတာမျိုးကို ကာကွယ်ဖို့ သုံးပါတယ်။ ဥပမာ Gmail account လုပ်တော့မယ်ဆို နောက်ဆုံးအဆင့်မှာ CAPTCHA လို့ခေါ်တဲ့ ကွေးကွေး
ကောက်ကောက် စာလုံးတွေကို ရိုက်ခိုင်းတာမြင်ဖူးပါလိမ့်မယ်။ တကယ်လို့သာ အဲလိုမလုပ်ထားဘူးဆိုရင် မသာမာသူတစ်ယောက်ယောက်က software တွေသုံးပြီး နာရီအနည်းငယ်အတွင်း account ပေါင်း ထောင်ချီပြီး လုပ်သွားနိုင်တယ်လေ။ ဒါဆို google ရဲ့ဆာဗာက မလိုလားအပ်တဲ့ error တွေတက်သွားနိုင်တာပေါ့။ နောက် ကျွန်တော်တို့ online voting လုပ်မယ်ဆိုရင် ဒါတွေက လိုအပ်ပါတယ်။ နို့မို့ ဆော့ဝဲလ်နဲ့ Vote လို့ကတော့ ပြသနာတက်ကုန်မှာပေါ့ဗျာ။ အဓိက ရည်ရွယ်ချက်ကတော့ ကွန်ပျူတာတွေမလုပ်နိုင်မယ့် (လူသားတစ်ယောက်ကသာ လုပ်နိုင်မယ့်) တစ်ခုတည်းသော human verification test တစ်ခုပဲဖြစ်ပါတယ်။ ကွန်ပျူတာတွေအတွက်တော့ ဒါဟာ မဖြစ်နိုင်တဲ့အနေထားပါပဲ။ CAPTCHA တော်တော်များများဟာ ရူးကြောင်ကြောင်
ဆန်ပြီး စိတ်ပျက်စရာကောင်းပေမယ့် ဒါက ကျွန်တော်တို့ကို ကာကွယ်ပေးနေတာပါ။ မသာမာသူတွေက malicious attacks နဲ့ ဆာဗာတွေကို ဒေါင်းသွားအောင် လုပ်နိုင်ပါတယ်။ Spam comment တွေလွတ်ပြီး ဆိုဒ်ပိုင်ရှင်တွေကို ဒုက္ခလှလှပေးနိုင်ပါတယ်။ ကျွန်တော်ကိုယ်တွေ့ဗျ။ အရင်က ကျွန်တော့်ဘလော့မှာ Comment ဝင်ရေးရင် အဆင်ပြေပါစေဆိုပြီး အဲဒီ Word Verification option ကိုဖြုတ်ထားပေးတာ Spam comment တွေတက်လာပါလေရော။ တစ်နေ့တစ်နေ့ Comment တွေတက်လာတာ ကြည့်မိပါတယ်
လဒတွေက အဲဒီအကြောင်းအရာတစ်ခုတည်းကို ပိုစ့်တိုင်းမှာတွေ့ရတယ်။ ဒါနဲ့ ပြန် enable လုပ်ထားလိုက်ရတယ်။ ဒီလောက်ဆိုရင် CAPTCHA ကိုသုံးရတဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားလိမ့်မယ်လို့ မျော်လင့်ပါတယ်။
ဘယ်သူတွေ CAPTCHA ကိုအသုံးပြုတာလဲ?
CAPTCHA  ကို ဆိုဒ်ပိုင်ရှင်တွေ၊ online polling system, registration forms တွေမှာအများဆုံး သုံးပါတယ်။ ဥပမာ web-based email ဖြစ်တဲ့ Gmail, Yahoo, Hotmail တို့လိုပေါ့။ CAPTCHA က သူတို့ကို spam account, spam comment တွေရန်ကနေ ကာကွယ်ပေးပါတယ်။
CAPTCHA တည်ဆောက်ပုံ။
CAPTCHA ကို လူသားတွေအတွက် နားလည်လွယ်တဲ့ အမြင်အာရုံ (Visual Data) ကိုအခြေခံပြီးတည်ဆောက်ထားပါတယ်။ အမြင်အာရုံနဲ့ပတ်သက်လာရင် ကွန်ပျူတာတွေက လူသားတွေလောက် အသိဥာဏ်မရှိကြပါဘူး။ CAPTCHA  မှာ ပုံတွေက
တခါတလေ မှုန်ဝါးဝါး၊ နောက်ခံ Background က မထင်မရှားနဲ့ ကွန်ပျူတာတွေအတွက်တော့ တကယ်ကို ခက်ခဲ့တဲ့အလုပ်တစ်ခုပါပဲ။ မဖြစ်နိုင်တဲ့အနေအထားပါပဲ။ လူသားတစ်ယောက်ကသာလျင် မှန်မှန်ကန်ကန်ရွေးချယ်နိုင်ပါလိမ့်မယ်။ တခါတလေ ကျွန်တော်တို့တောင် မှားပါတယ်။ နောက်ပြီး CAPTCHA  ကို Random ပုံစံနဲ့ generate လုပ်ပါတယ်။ ပုံသေ သတ်မှတ်ထားတာမျိုးမဟုတ်တော့ က၊ွန်ပျူတာအနေနဲ့ မှန်မှန်ရိုက်ဖို့ မဖြစ်နိုင်ပါဘူး။ တချို့ဆိုဒ်တွေမှာဆိုရင် Visual Test ကိုအခြေခံမထားပါဘူး။ ပုံ ၄ ခုမှာ ၃ ခုက အကောင်ပလောင်၊ ၁ ခုကတော့ပန်းပွင့်ပေါ့။ အဲဒီမှာ အကောင်ပလောင် ၃ ခုကို ရွေးခိုင်းတာမျိုးပါ။ ဒီလို test ကိုလူသားတွေအနေနဲ့ အေးဆေးကျော်ဖြတ်ျွှိုင်ပေမယ့် ကွန်ပျူတာတွေအတွက်တော့ ချွေးဒီးဒီးကျရမယ့်ကိန်းပါ။ :D
Breaking the CAPTCHA
CAPTCHA  ကိုချိုးဖောက်ဖို့ ကွန်ပျူတာကို အမြင်အာရုံနဲ့ဆိုင်တဲ့ IQ တွေကိုသင်ပေးပြီး လူသားတွေတွေးသလိုမျိုးတွေးနိုင်အောင်သင်ပေးနိုင်ပါတယ်။ CAPTCHA ပုံတွေကိုမြင်တာနဲ့ လူသားတွေလို ဘာကိုဆိုလိုတာလဲဆိုတာ သိနိုင်တာမျိုးဖြစ်အောင်ပေါ့။
ဒါပေမယ့် CAPTCHA ကိုချိုးဖောက်ဖို့ algorithm တွေမရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ CAPTCHA algorithm ကိုလုပ်တာ အဖွဲ့တွေက individually ဖြစ်လို့ပါ။ တစ်ခုနဲ့တစ်ခု နည်းစနစ်တွေမတူကြတော့ လိုက်လုပ်ဖို့ဆိုတာအရမ်းကို ခက်ခဲမှာဖြစ်ပါတယ်။ ဒီနည်းက အချိန်ပြည့် 100% အလုပ်ဖြစ်မှာမဟုတ်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာအနှံ့က Spammer တွေကိုကာကွယ်ဖို့ လုံလောက်ပါတယ်။

Credit > soesoediary

Window 8.1 Activator



Window 8.1 ကို တင်လိုက်တဲ့ညီအကိုတွေတွက် ကျွန်တော် activator လေး တင်ပေးလိုက်ပါတယ်။ကျွန်တော်ကတော့ 8 သုံးနေတာမို့ အလုပ်ဖြစ်မဖြစ်သေချာတော့ မသိဘူးဗျ။ တင်ထားတဲ့သူတွေ ကိုယ့်ပာာကိုယ် စမ်းကြည့်လိုက်ကြပါ (activator ကိုနော်)။

Download Window 8.1 Activator

Torrent Guide and How it works


ကျွန်တော် ဒီပို့စ်လေးကို soesoediary ကနေပြီးတော့ ကူးယူတင်ပြထားတာပါ။ Torrent ဆိုတာဘာလဲဆိုတာကို လုံးဝမသိသေးဘူးဆိုရင် အကျဉ်းလေးပဲဖြစ်ဖြစ် ဒီပို့စ်လေးကို ဖတ်ပြီးသွားရင် သင်နားလည်သွားပါလိမ့်မယ်ခင်ဗျာ။

ကျွန်တော်တို့ အများစုကတော့ www, http, FTP စတာတွေနဲ့ ရင်းနှီးပြီးသားဖြစ်ပါတယ်။ အင်တာနက်ကနေ ကျွန်တော်တို့ File Sharing လုပ်ကြတယ်။ ဥပမာ mediafire, zpshare, sendspace, solidfiles ဘာညာပေါ့ဗျာ။ ကျွန်တော်တို့ နေ့စဉ်ထိတွေ့နေရတယ်။ Upload လုပ်တဲ့သူတွေနဲ့ Download နင့်ကန်ဆွဲတဲ့သူတွေနဲ့ အဆင်ပြေနေကြတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ Torrent ကနေ File Sharing လုပ်တာကိုတော့ အသုံးပြုတဲ့သူတွေ နည်းမယ်ထင်ပါတယ်။ ပြောရရင်တော့ Torrent ကနေ ဒေါင်းလုတ်ဆွဲမယ်ဆို Speed ကနည်းတာလည်းပါပါတယ်။ ထားပါတော့။ ကျွန်တော်ပြောချင်တာက Torrent အလုပ်လုပ်ပုံကိုပဲပြောမှာဆိုတော့ ဆက်မယ်။ အောက်မှာ ကျွန်တော်တို့ပုံမှန် Download ဆွဲနေတဲ့ Network နဲ့ Torrent Network အလုပ်လုပ်ပုံကို တွေ့နိုင်ပါတယ်။


ပုံထဲမှာတွေ့တဲ့အတိုင်းပါပဲ။ ကျွန်တော်တို့နေ့စဉ် Download တွေနင်းကန်ဆွဲနေတယ်ဆိုတာက Normal Network ပေါ့။ File Sharing ဆာဗာတစ်ခုပေါ်ကနေ Client ဘက်ကလူတွေဒေါင်းလုတ်တွေဆွဲနေကြတာပေါ့ဗျာ။ လူတွေအများကြီးတပြိုင်နက်အသုံးပြုကြတော့
ဆာဗာက မနိုင်မနင်းဖြစ်လာပြီး Resume တွေပျက်ကျ။ အဲဒီတော့ ဆဲဆိုကြနဲ့ ဒါဟာ ကျွန်တော်တို့အမြဲသုံးနေတဲ့ Normal Network တစ်ခုဖြစ်ပါတယ်။ Torrent Network ကျတော့ အဲလိုမဟုတ်ဘူး။ Network Topology အရဆိုရင် သူက Point to Multipoint (Mesh Network)
လို့ပြောနိုင်ပါတယ်။ Torrent အသုံးပြုတဲ့လူတိုင်းဟာ Network မှာလူတိုင်း Connected ဖြစ်တယ်။ ကြားက ဆာဗာဆိုတာက အဲဒီ Network ကိုလမ်းကြောင်းထိန်းပေးထားတော့ ပိုပြီး ကောင်းလာတာပေါ့ဗျာ။ ဥပမာတစ်ခုအနေနဲ့ ရှင်းပြရရင် Torrent Network ထဲက လူတိုင်းမှာ စာမျက်နှာတစ်ပိုင်းစီရှိကြတယ်။ စာအုပ်တစ်ခုလုံးတော့ ကိုယ်စီမရှိကြဘူး။ မောင်ဖြူမှာ စာမျက်မှာ 1 ရှိသလို မောင်လှမှာတော့ စာမျက်နှာ 19 ရှိတယ်။ အဲသလိုပေါ့။ ဘယ်သူမှ အပြည့်မရှိဘူး။ အဲဒီတော့ သူတို့ဟာ ကိုယ်ဖတ်ထားပြီးသားကို အခြားသူတွေနဲ့လဲဖတ်လိုက်တယ်။ ကိုယ်ဆီကဖတ်ပြီးသားကို သူများကိုလည်းပေးရင်းနဲ့ပေါ့။ ဒီလိုနဲ့ လူတိုင်း စာအုပ်တစ်ခုလုံးဖတ်ပြီးသွားတဲ့အထိပေါ့ဗျာ။ Torrent အသုံးပြုမယ်ဆိုရင် အောက်က အခေါ်ဝေါ်တွေကို အရင်လေ့လာကြည့်ရအောင်။

-Torrent: torrent ဆိုတာကတော့ အင်မတန်မှသေးငယ်တဲ့ဖိုင်အပိုင်းအစတစ်ခုပါပဲ။ သူမှာ ဖိုင်တစ်ခုလုံးအပြည့်အဝမရှိဘူး။လူတွေအမှန်တကယ်အသုံးချတဲ့ဖိုင်တွေရဲ့အမှတ်အသားတစ်ခုသာဖြစ်တယ်။ အဲဒါကို Torrent Client ကနေအသုံးပြုရပါတယ်။
-Torrent Client- ဒါကတော့ ကျွန်တော်တို့သုံးတဲ့ End-user software လိုပဲပြောရမလား။ ဥပမာ Bitorrent, uTorrent လိုမျိုးဆော့ဝဲလ်တွေဖြစ်ပါတယ်။
-Peer: torrent file တစ်ခုကို Download/Upload လုပ်နေတဲ့ မည်သည့်ကွန်ပျူတာကိုမဆို peer လို့သတ်မှတ်နိုင်ပါတယ်။
-Seeder: Torrent Network မှာ ဖိုင်တွေကို ပြီးအောင် upload တင်ပေးခဲ့တဲ့သူတစ်ယောက်ပါပဲ။
-Leecher: သူကတော့ Torrent Network ကို join ထားတဲ့သူ။ Upload ပြီးအောင်မတင်ပေးရသေးဘူး။ တနည်း Download ဆွဲနေတဲ့သူပါ။ သူလည်း download ပြီးသွားရင် Seeder ဖြစ်လာမယ့်သူပါ။ Torrent မှာ Download ဆွဲနေချိန်မှာ UPLOAD ပါ တခါတည်းတင်ပေးရတယ်။ ဒါမှလည်း torrent network ကြီးက အသက်ဆက်နိုင်မှာပေါ့ဗျာ။
-Share Ratio: Upload/Downloadratio ပါ။ (UL/DL) ပေါ့။ ဒါကြောင့် share ratio +1 လို့ပြောရင် Upload တင်ပေးတဲ့လူဦးရေ များနေတဲ့ဆိုတဲ့သဘောဖြစ်ပြီး ဒါဟာကောင်းတဲ့ လက္ခဏာပါပဲ။ တကယ်လို့ share ratio  -1 ဖြစ်နေရင်တော့ သင့်အနေနဲ့ အဲဒီဖိုင်ကိုမဆွဲသင့်ပါဘူး။
-Swarm: Torrent Network တစ်ခုလုံးမှာရှိတဲ့ seeder နဲ့ leecher တွေရဲ့စုစုပေါင်းအရေအတွကပ်ပါပဲ။ တနည်း Torrent Network မှာရှိတဲ့ ကွန်ပျူတာအားလုံးပေါ့။
-Tracker: Torrent Network မှာဘယ်သူက အဲဒီဖိုင်ကို လိုအပ်တယ်။ ဘယ်သူကတော့ အဲဒီဖိုင်ကို ထားပေးတယ်ဆိုတာကို ချိတ်ဆက်ပေးတဲ့ တနည်း ပွဲစားလိုပြုမူတဲ့ ဆာဗာပါပဲ။ တချို့ Tracker တွေက public ပေမယ့် တချို့ကတော့ Register လုပ်ဖို့လိုအပ်ပါလိမ့်မယ်။
-Index: ဒါကတော့ Torrent ဖိုင်တွေကို သက်ဆိုင်ရာ Category အလိုက်စီထားပေးတဲ့ ဆိုဒ်တစ်ခုလို့ပြောရင် ရပါပြီ။ :D

Torrent Client ကို သင့်အနေနဲ့ ရွေးစရာအများကြီးထဲက တစ်ခုခုကိုရွေးပြီး အင်စတော့လုပ်ရုံပါပဲ။ Windows, Linux platform ပေါ်မူတည်ပြီး torrent client တော့ကွဲပြားသွားပါလိမ့်မယ်။ ဒီအပိုင်းကိုတော့ ကျွန်တော်အနေနဲ့ အသေးစိတ်မဖော်ပြတော့ပါဘူး။ Torrent file တွေကို ရှာရတာလည်း လွယ်ပါတယ်။ google မှာ ကိုယ်က Microsoft Office 2007 ကိုဒေါင်းချင်တယ်ဆိုရင် Microsoft Office 2007 torrent file download ဆိုပြီးရှာရင်လည်းရပါတယ်။ ဒါမှမဟုတ် torrent site တွေထဲက Search ကနေ ရှာရင်လည်းရပါတယ်။ ဥပမာ နာမည်ကြီး Torrent Site တွေကတော့ piratebay.ac, ဘာညာပေါ့။ နမူနာ torrent ဖိုင်တစ်ခုကိုဒေါင်းကြည့်ရအောင်။ http://kickass.to ကနေ ဖိုင်တစ်ခုကို ခုလိုဒေါင်းလိုက်တယ်။


seeder 476 leecher 73 ဆိုတော့ မဆိုးဘူးပြောရမယ်။ ဒေါင်းလိုက်ပြီး uTorrent ကိုဖွင့်လိုက်မယ်။ Add Torrent ကနေခုနကဒေါင်းထားတဲ့ဖိုင်ကိုရွေးပေးပေါ့နော်။ ဒါဆို ခုလို torrent ကိုဒေါင်းနေတာတွေ့ရပါမယ်။ speed ကတော့ IDM နဲ့စာရင်အများကြီးနှေးပါတယ်။ သူက peer to peer System နဲ့သွားတာကိုး။


Torrent site တွေအားလုံးလည်း ကောင်းတာမဟုတ်ပါဘူး။ သူ့မှာ ဗိုင်းရစ်တွေ၊ Fake torrent တွေရှိပါတယ်။ ဒေါင်းမယ်ဆိုရင် ခုနကပြောသလို seeder တွေများတာကို
ရွေးပြီးဒေါင်းပေါ့ဗျာ။ နိုင်ငံခြားမှာဆိုရင်တော့ torrent site တွေအများစုက တရားမဝင်ပါဘူး။ အဓိကကတော့ Music ပိုင်းဆိုင်ရာတွေအတွက် ထိခိုက်တာကိုး။ torrent မှာ Music, Movie အဲလို Data တွေရဲ့ Resource တွေကလည်းများပါတယ်။ ဒါကြောင့် torrent တွေကိုဒေါင်းမယ်ဆိုရင် အဲဒီဆိုဒ်ရဲ့ Term of Service ကိုအရင်ဖတ်ကြည့်သင့်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကတော့ အဲဒါတွေကို ဂရုစိုက်ဖို့ သိပ်မလိုသေးပါဘူး။ :D Torrent ဖိုင်တွေကို အသုံးပြုရတာ တော်တော်မိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရိုးရိုးရှာရင် မရနိုင်တဲ့ Resource တွေ Torrent Network မှာ အများကြီးရှိနေလို့ပါပဲ။ နောက်မှပဲ Torrent Speed ကိုမြင့်တင်နည်းကို ရေးပါအုံးမယ်။

Boot UI Tuner for Window 8


Window 8 ရဲ့ Boot တက်လာတဲ့ခါ logo တွေဖျောက်မယ် တခြား ပာာတွေ customize လုပ်လို့ရစေမယ့် tool သေးသေးလေး တစ်ခုပါ။ တခြားဘာတွေလုပ်လို့ရသလဲ ဆိုတာတော့ ကိုယ့်ပာာကိုယ် စမ်းသုံးကြည့်လိုက်ပါ။