Link များသေနေပါက CBox တွင် သို့မပာုတ် သက်ဆိုင်ရာပို့စ်များ အောက်တွင် comment ပေးထားခဲ့ပါ...

How to install Myanmar Font on Kali Linux



ဒီတစ်ခါတော့ ကျွန်တော်တို့ BackTrack 5 R3 ပြီးတော့ ထွက်လာတဲ့ Kali Linux မှာ မြန်မာဖောင့်ဘယ်လို သွင်းမလဲဆိုတာ ကိုပြောပြသွားမှာပါ။ မြန်မာဖောင့် သွင်းနည်းမပြောခင် kali Linux ဆိုတာ ဘာလဲဆိုတာကိုပြောချင်ပါတယ်။ Kali Linux ဆိုတာကတော့ Backtrack ကို အခြေပြုပြီး Debian Development Standards တွေနဲ့ အညီ ပြန်လည်တည်ဆောက်ထားတဲ့ Pentesting အထူးပြု Linux Distro တစ်ခုဖြစ်ပါတယ်။ Backtrack က Tools တွေထဲက အဆင်မပြေလောက်ဖူးဆိုတဲ့ Tools တွေကို ဖြုတ် ထပ်ပြီးထည့်သင့်တဲ့ Tools တွေကိုထည့်ပြီး အသစ်ပြင်ဆင်မွှမ်းမံထားပါတဲ့ Tools ပေါင်း သုံးရာကျော်ပါဝင်ပါတယ်။ ဒီလောက်ဆိုတော့ အနည်းကျဉ်းတော့ သိလောက်ပြီထင်ပါတယ်။ Kali Linux ကို ဒေါင်းလော့ဆွဲယူလိုပါက အောက်ပါလင့်ခ်တွင် အခမဲ့ရယူနိုင်ပါတယ်။


မြန်မာဖောင့်သွင်းဖို့လိုအပ်တဲ့ zawgyi ကို ဒီနေရာ နှိပ်ပြီး  ရယူနိုင်ပါတယ်။

Step 1 > ရရှိလာတဲ့ဖိုင်ကို Kali Linux ရဲ့ Desktop ပေါ်မှာ ထားလိုက်ပါ။

Step 2 > Terminal အားဖွင့်ပြီး cd Desktop/ ဆိုပြီး ရိုက်ပါ။ 

Step 3 > tar.gz ဖိုင်ဖြေရန်တွက် tar.xvf zawgyi-keyboard-0.2.1.tar.gz ရိုက်ထည့်ပါ။အောက်ကပုံလိုပါ





Step 4 > ဖိုင်ဖြေပြီးသွားရင် cd zawgyi လို့ရိုက်ပါ။

Step 5 > install လုပ်ရန်တွက်  sh install.sh ဆိုပြီး ရိုက်ပါ။ အောက်မှ ပုံကိုကြည့်ပါ။



Step 6 > install လုပ်ပြီးသွားပါက restart ချခိုင်းပါလိမ့်မယ်။ 

ဒီလောက်ဆိုရင် Kali Linux မှာ မြန်မာစာ အဆင်ပြေသွားပါပြီခင်ဗျာ :D ။

Ref  > Backtrack Myanmar 

5 comments:

  1. latest v 3.26.2 မှာပါအကိုရေ စာလုံးထပ်တွေရိုက်မရဖြစ်နေတဲ့ပြသနာ ကူညီပြောပြပေးနိုင်ရင်ကူညီပါ

    ReplyDelete
  2. I have no zawgyi front.So i don't see what do you mean.If you upload with pdf or picture, I think it is very useful more than.Thank you for sharing knowledge.

    ReplyDelete
  3. Please write this article again in English. I don't have any Myanmar font so i can't read this article. Thanks You.

    ReplyDelete
  4. I have no myanmar font so I came to this website. Why did the author write the article with mm font. Shit!

    ReplyDelete