evad3rs team ရဲ့ကြိုးစားမှုကြောင့် iOS 6 ကနေ 6.1 ထိ untethered Jailbreak ထွက်လာပါပြီ...တော်တော်လေးတော့စောင့်လိုက်ရတယ်ဗျာ ဒါပေမယ့်စောင့်ရကျိုးနပ်တယ်ထင်ပါတယ် ကဲအပြောလေးတွေလျှော့ပြိး အလုပ်စလိုက်ရအောင်..လိုအပ်တာလေးတွေကိုပထမဆုံးဒေါင်းလိုက်ပါ jailbreak မလုပ်ခင်သတိထားရမယ့်အချက်ကတော့ passcode lock ကို off လုပ်ပေးထားရပါမယ်
ဆော့ဝဲလ်ကိုဒေါင်းပြိးသွားရင် RAR ဖြေလိုက်ပါ ပြိးရင် run လိုက်ပါက အပေါကပုံတိုင်းမြင်ရပါလိမ့်မယ် iPhone 4(GSM) (iOS 6.1) ဆိုတဲ့နေရာမှာ မိမိ idevice ရဲ့ info ကိုဖော်ပြပါလိမ့်မယ် အဲဆို Jailbreak ဆိုတဲ့ button လေးကိုနှိပ်လိုက်ရုံပါပဲ စပြိးတော့ jailbreak လုပ်ပါလိမ့်မယ် နှစ်မိနစ် သုံးမိနစ်လောက်ကြာသွားရင်မှိတ်တုတ်မှိတ်တုန်နဲ့ msg လေးတစ်ခုတက်လာပါလိမ့်မယ် အဲလိုပေါလာပြိဆိုရင် ဖုန်းကို unlock လုပ်ပြိး Jailbreak ဆိုတဲ့ icon လေးကိုနှိပ်လိုက်ပါ နှိပ်ပြိးသွားရင် သူ့အလိုလိုဆက်ပြိးလုပ်သွားပါလိမ့်မယ်..အကုန်လုံးပြိးသွားပြိဆိုရင်တော့ အောက်ကပုံတိုင်းမြင်ရပါလိမ့်မယ်
ဒီလိုမြင်ရပြိဆိုရင်တော့ အောင်မြင်စွာနဲ့ပြိးဆုံးသွားပါပြီခင်ဗျာ....
0 comments:
Post a Comment